အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Online စနစ်ဖြင့် တစ်ပြိုင်နက်တည်း ကျင်းပရာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုး တက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ် အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယဥက္ကဋ္ဌ (၁) ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာညွန့်ဖေ၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးအောင်ကျော်ထွန်း၊ ဦးဝင်းရှိန်၊ ဦးမောင်မောင်သန်း၊ ဦးမြင့်စိုး၊ ဒေါက်တာအောင်ဇေယျတို့တက်ရောက်ကြပြီး Online မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဆိုင်ရာဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများ အလုပ်သမားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

          အစည်းအဝေးတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိ အလုပ်အကိုင်ရှာဖွေနေသူများအား အသက်အရွယ်နှင့်သင့်လျော်သည့် အလုပ်အကိုင်ရွေးချယ်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင် တည်မြဲရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ကူညီနိုင်ရန်၊ လုပ်ငန်းခွင်နှင့်ကိုက်ညီသင့်လျော်သည့် အလုပ်သမားရရှိရေးအတွက် အလုပ်ရှင်များ ကူညီရန်၊ လွယ်ကူသော အလုပ်အကိုင် အခွင့်အလမ်းများနှင့် လုပ်ငန်းများ စီမံဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပုဒ်မ (၆) အရ ပြည်ထောင်စုအစိုးရအဖွဲ့က ၈-၁၀-၂၀၁၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁၀၈/၂၀၁၅ ဖြင့် ဖွဲ့စည်းပေးခဲ့သော အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ကို အဖွဲ့ဝင် ၃၇ ဦးဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၁၄-၁၀-၂၀၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၃၂၉/ ၂၀၂၁ ဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ အရ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ အလုပ်လက်မဲ့များ နည်းပါးစေရန် ဆောင်ရွက်ခြင်း၊ အလုပ်သမားများ၏ စည်းကမ်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ကို ဖွဲ့စည်းခြင်းနှင့် လမ်းညွှန်ခြင်းစသည့် လုပ်ငန်းတာဝန် () ရပ်နှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့က မူဝါဒများ ချမှတ်ပေးရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအပေါ် အကြံဉာဏ်ကောင်းများ ဖော်ထုတ်ပေးခြင်း၊ နည်းပညာပေးခြင်း၊ ဆွေးနွေးပေးခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားသည်။

          ဆက်လက်၍ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြို့တော်ဝန်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အလုပ်သမားရေးရာဆိုင်ရာ ဝန်ကြီးများ၊ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများက ၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေပုဒ်မ () အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး အဖွဲ့ဝင်စာရင်းများ အတည်ပြုခြင်း၊ ပုဒ်မ ၁၁ (က) အရ ဖွဲ့စည်းရမည့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစား ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ဖြင့် ပြောင်းလဲဖွဲ့စည်းခြင်း၊ စစ်ဆေးအကဲဖြတ်ရေးကုန်ကျစရိတ်များ သတ်မှတ်ခြင်း၊ NSSA အသိအမှတ်ပြု Electrician (Building) Level – 2 လက်မှတ်ရ ကျွမ်းကျင်လုပ်သားများကို Electrical Inspection (EI) လက်မှတ်ရရှိရေး အထူးအစီ အစဉ်ဖြင့် ဝင်ရောက်ဖြေဆိုခွင့်ပြုခြင်း၊ NSSA ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် သတ်မှတ်လုပ်သက်ရှိ လုပ်သားများအပြင် သတ်မှတ်သင်ကြားချိန်နာရီ ပြည့်မီသော သင်တန်းဆင်းများကို ဖြေဆိုခွင့်ပြုခြင်း၊ လုပ်သားဈေးကွက်တွင် ကျွမ်းကျင်လုပ်သား လိုအပ်ချက်များသော အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲခြင်း၊ ကျွမ်းကျင်မှုအသိအမှတ်ပြုရေးလုပ်ငန်းစဉ်တွင် Key Player အဖြစ် ဆောင်ရွက်မည့် စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ် သူများတိုးမြှင့်ခန့်ထားခြင်း၊ စစ်ဆေးအကဲဖြတ်ရေးဌာနများ တိုးမြှင့် တည်ထောင်ခြင်း၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတည်ထောင်ခြင်းတို့ကို အကြံပြု ဆွေးနွေးကြပြီး အစည်းအဝေးဆုံး ဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။