Assessor Methodology Training သင်တန်းဖွင့်ပွဲအခမ်းအနား

၅-၆-၂၀၂၃ ရက်နေ့တွင် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး သတ္တုနှင့် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီ၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုလုပ် "စံ" သတ်မှတ်ရေးကော်မတီနှင့် လျှပ်စစ်အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှု "စံ" သတ်မှတ်ရေးကော်မတီတို့မှ စေလွှတ်သော သင်တန်းသူ/ သားများအား Assessor Methodology Training (စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း) ကို မန္တလေးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ၌ ဖွင့်လှစ်ခဲ့ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ Online မှတစ်ဆင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။