အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (နေပြည်တော်) ၌ Assessor Methodology Training ကို ၁၈-၃-၂၀၂၄ ရက်နေ့မှ ၂၂-၃-၂၀၂၄ ရက်နေ့ထိ ဖွင့်လှစ်ပို့ချခဲ့ခြင်း

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည်  လုပ်ငန်းကဏ္ဍအသီးသီး၌ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို အရည်အသွေး အာမခံချက်ရှိစွာ ဆောင်ရွက်နိုင်သည့် စစ်ဆေးအကဲဖြတ်သူများ မွေးထုတ်နိုင်ရေး ရည်ရွယ်၍ သစ်လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီမှ စေလွှတ်သော သင်တန်းသား (၅) ဦး၊ ပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီမှ စေလွှတ်သော သင်တန်းသား (၃) ဦး၊ လူမှုဝန်ထမ်းဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီမှ စေလွှတ်သော သင်တန်းသား (၈) ဦး၊ စုစုပေါင်း သင်တန်းသား (၁၆) ဦးအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (နေပြည်တော်) ၌ ၁၈-၃-၂၀၂၄ ရက်နေ့မှ ၂၂-၃-၂၀၂၄ ရက်နေ့အထိ Assessor Methodology Training ကို ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းပြီးဆုံးအောင် တက်ရောက်ခဲ့ကြသူများကို သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။