Employment Agency Lists

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်အသစ်လျှောက်ထားရန် လိုအပ်ချက်များ

  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ (၅) စုံ တင်ပြရမည်။
  • ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် (MyCo) စနစ်ဖြင့် မှတ်ပုံတင် ထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ (၅) စုံ တင်ပြရမည်။
  • ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် (MyCo) စနစ်ဖြင့် မှတ်ပုံတင် ထားသည့် ကုမ္ပဏီ၏ အချက်အလက်များမိတ္တူ (၅)စုံ တင်ပြရမည်။
  • ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် (MyCo)စနစ်ဖြင့် မှတ်ပုံတင် ထားသည့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းမိတ္တူ (၅)စုံ တင်ပြရမည်။
  • လျှောက်ထားသူ MD အပါအဝင် Director အဖွဲ့ဝင်များ၏ CV Form တွင် ဓါတ်ပုံ ကပ်ပြီး လက်မှတ်ရေးထိုး၍ (၅) စုံစီ တင်ပြရမည်။
  • MD ၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်းပြသ၍  MD အပါအဝင် Director အဖွဲ့ဝင်များ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ (၅) စုံစီ တင်ပြရမည်။
  • MD ၏ အိမ်ထောင်စုစာရင်း မူရင်းပြသ၍ MD အပါအဝင် Director အဖွဲ့ဝင်များ၏ အိမ်ထောင်စုစာရင်းမိတ္တူ (၅) စုံစီ တင်ပြရမည်။
  • MD  နေထိုင်ရာ ရပ်ကွက်၏ထောက်ခံချက်မူရင်း  (၁) စုံ တင်ပြရမည်။
  • MD  နေထိုင်ရာ သက်ဆိုင်ရာရဲစခန်း၏ထောက်ခံချက်မူရင်း (၁) စုံ တင်ပြရမည်။
  • ကုမ္ပဏီ၏ MD ပိုင်ဆိုင်မှု (မရွှေ့မပြောင်းနိုင်သောပစ္စည်း)အား အမှန်တကယ် ပိုင်ဆိုင်ကြောင်း တရားဝင် စာချုပ်စာတမ်း အထောက်အထားအပြည့်အစုံ မူရင်း ပြသ၍  မိတ္တူ (၁) စုံ တင်ပြရမည်။
  • ကုမ္ပဏီရုံးခန်းဖွဲ့စည်းပုံ၊ ဆိုင်းဘုတ်၊ ရုံးခန်းအတွင်းအပြင်နှင့် ရုံးခန်း အဆောက်အဦ တည်နေရာ ဓါတ်ပုံများကို တင်ပြရမည်။
  • ကုမ္ပဏီတွင် ခန့်အပ်ထားသော ရုံးဝန်ထမ်းအင်အားစာရင်း (၁) စုံ တင်ပြရမည်။

 

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင် သက်တမ်းတိုးလျှောက်ထားရန်လိုအပ်ချက်များ

  • ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ (၂) စုံ တင်ပြရမည်။
  • လက်ရှိ သက်တမ်းကုန်ဆုံးမည့် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင် လိုင်စင်ကတ်ပြား မိတ္တူ (၂) စုံ တင်ပြရမည်။
  • ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် (MyCo) စနစ်ဖြင့် မှတ်ပုံတင် ထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ (၂) စုံ တင်ပြရမည်။
  • ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် (MyCo) စနစ်ဖြင့် မှတ်ပုံတင် ထားသည့် ကုမ္ပဏီ၏အချက်အလက်များမိတ္တူ (၂) စုံ တင်ပြရမည်။
  • ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် (MyCo) စနစ်ဖြင့် မှတ်ပုံတင် ထားသည့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းမိတ္တူ (၂) စုံ တင်ပြရမည်။
  • လျှောက်ထားသူ MD အပါအဝင် Director အဖွဲ့ဝင်များ၏ CV Form တွင် ဓါတ်ပုံကပ်ပြီး လက်မှတ်ရေးထိုး၍ (၂) စုံ တင်ပြရမည်။
  • MD အပါအဝင် Director အဖွဲ့ဝင်များ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ (၂) စုံ တင်ပြရမည်။
  • MD အပါအဝင် Director အဖွဲ့ဝင်များ၏ အိမ်ထောင်စုစာရင်း မိတ္တူ (၂)စုံ တင်ပြ ရမည်။
  • MD အပါအဝင် Director အဖွဲ့ဝင်များ၏ ပြစ်မှုကင်းရှင်းကြောင်း MD လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက် (၂)စုံ တင်ပြရမည်။
  • သက်ဆိုင်ရာဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီမှအခွန်ပေးသွင်းပြီးကြောင်း အထောက် အထား (၂) စုံ တင်ပြရမည်။

 

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင် သက်တမ်းတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များ

၂၀၁၃ ခုနှစ်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ ပြည်တွင်းအလုပ် အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင် သက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ၁-၁၁-၂၀၁၉ ရက်နေ့မှစတင်၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် အကြောင်းကြားပါသည် -

(၁)     လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးတစ်လ (၃၀) ရက်ကြိုတင်၍ လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာတင်ပြစေခြင်း၊

(၂)      ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင် သက်တမ်းပြည့်ပြီးနောက် ရက်ပေါင်း (၃၀) အတွင်း သက်တမ်းတိုးတင်ပြလာပါက ဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် လိုင်စင်နှစ်စဉ်ကြေး ကျပ် ၅၀၀၀၀/-(ကျပ်ငါးသောင်းတိတိ) အပြင် ဒဏ်ကြေးအဖြစ် ငွေကျပ် ၁၀၀၀၀၀/-(ကျပ်တစ်သိန်းတိတိ) တို့ကို မြန်မာ့စီးပွားရေး ဘဏ် နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ငွေစာရင်းအမှတ်    MD-010840 သို့ ပေးသွင်းစေခြင်း၊

(၃)     ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင် သက်တမ်းပြည့်ပြီးနောက် ရက်ပေါင်း (၆၀) အတွင်း သက်တမ်းတိုးတင်ပြလာပါက ဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် လိုင်စင်နှစ်စဉ်ကြေး ကျပ် ၅၀၀၀၀/-(ကျပ်ငါးသောင်းတိတိ) အပြင် ဒဏ်ကြေးအဖြစ် ငွေကျပ် ၃၀၀၀၀၀/-(ကျပ်သုံးသိန်းတိတိ) တို့ကို မြန်မာ့စီးပွားရေး ဘဏ် နေပြည်တော်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ငွေစာရင်းအမှတ်    MD-010840 သို့ ပေးသွင်းစေခြင်း၊

(၄)     ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင် သက်တမ်းပြည့်ပြီးနောက် ရက်ပေါင်း (၆၀) ထက်ကျော်၍ သက်တမ်းတိုးရန် တင်ပြခြင်းမရှိပါက ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ကို ရုတ်သိမ်းခြင်း၊

(၅)     ခွင့်ပြုချက်သက်တမ်းတိုး လိုင်စင်ထုတ်ယူရန် စာဖြင့်အကြောင်းကြားသည့် နေ့မှ ရက်ပေါင်း (၁၄) ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိဘဲ သတ်မှတ်ရက်ထက် ကျော်လွန်၍ ရက်ပေါင်း (၃၀) အတွင်းလာရောက်ထုတ်ယူပါက ဒဏ်ကြေးငွေ ၁၀၀၀၀၀/- (ကျပ်တစ်သိန်းတိတိ) ကို ပေးဆောင်စေခြင်း၊

(၆)     ခွင့်ပြုချက်သက်တမ်းတိုး လိုင်စင်ထုတ်ယူရန် စာဖြင့်အကြောင်းကြားသည့် နေ့မှ ရက်ပေါင်း (၁၄) ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိဘဲ သတ်မှတ်ရက်ထက် ကျော်လွန်၍ ရက်ပေါင်း (၆၀) အတွင်း လာရောက်ထုတ်ယူပါက ဒဏ်ကြေးငွေ ၃၀၀၀၀၀/- (ကျပ်သုံးသိန်းတိတိ)ကို ပေးဆောင်စေခြင်း၊

 

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင် ရရှိသည့်ကုမ္ပဏီများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များ

ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင် သက်တမ်းကို(၁)နှစ်  သတ်မှတ်ပါသည်။

၂။       ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရရှိသည့် ကုမ္ပဏီများသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တည်ဆဲဥပဒေအရ အလုပ်ရှာဖွေရေးလုပ်ငန်းကို အခမဲ့ ဆောင်ရွက်ရမည်ဖြစ်သဖြင့် အလုပ်သမားထံမှ ၀န်ဆောင်စရိတ်၊ အခကြေးငွေရယူခြင်း မပြုရန် ဖြစ်ပါသည်။

၃။      အလုပ်ရှင်ထံမှ လစာ (၁)လစာထက် မပိုသော ၀န်ဆောင်ခ ကောက်ခံနိုင်ပါသည်။

၄။      ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ရရှိသည့် ကုမ္ပဏီများသည် အလုပ်သမား လိုအပ်ကြောင်း အကြောင်းကြားစာ အလလခ(ပုံစံ-၃)အား သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများမှ တောင်းယူ၍ ပြည့်စုံစွာ ဖြည့်သွင်းပေးပို့ရမည်။

၅။      ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ရရှိသည့် ကုမ္ပဏီများသည် အလုပ်သမား လိုအပ်ကြောင်းနှင့် လစ်လပ်ရာထူးနေရာများအတွက် သတ်မှတ်ဖော်ပြပါရှိသော အလုပ်ကြော်ငြာအား အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် ကြော်ငြာ၍လည်းကောင်း၊ သတင်းစာ၊ ဂျာနယ်၊ စာစောင်တို့မှတဆင့် ကြော်ငြာ၍လည်းကောင်း ခေါ်ယူလူစုဆောင်းနိုင်သည်။

၆။      စုဆောင်းရရှိသော လူစာရင်းအား သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးတွင် စာရင်း သွင်း၍ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ရပါမည်။

၇။      ရွေးချယ်ခန့်အပ်မည့်သူများ၏ စာရင်းကို သက်ဆိုင်ရာ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးသို့ ပေးပို့၍ အတည်ပြုခန့်ထားနိုင်ရန်အတွက် အလလခ(ပုံစံ-၇) ထုတ်ယူရမည် ဖြစ်ပါသည်။

၈။      ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင် လိုင်စင်ရရှိသည့် ကုမ္ပဏီများအနေဖြင့် အလုပ် ကြော်ငြာခြင်းနှင့် စုဆောင်းခြင်းကိစ္စရပ်များကိုသာ ဆောင်ရွက်ရန်ဖြစ်ပြီး အလုပ်သမားခန့်ထားခြင်း လုပ်ငန်းအား အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှသာ ဆောင်ရွက်မည်ဖြစ်ပါသည်။

၉။      တစ်နှစ်အတွင်း အလုပ်သမား(၅၀၀)ဦးအား အလုပ်ခန့်ထားနိုင်ရမည်။ သတ်မှတ်ချက်နှင့် မကိုက်ညီပါက လိုင်စင်ရုပ်သိမ်းခြင်းခံရမည်။

၁၀။    ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင်ရရှိသည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ စုဆောင်းခဲ့သည့် အလုပ်သမားများ၏ကိစ္စရပ်များအား အစစအရာရာ တာဝန်ယူဆောင်ရွက်ရမည်။

၁၁။    ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအကျိုးဆောင်လိုင်စင် ရရှိသည့် ကုမ္ပဏီများသည် ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန်အတွက်သာ ထုတ်ပေးခြင်းဖြစ်ပါသည်။ ပြည်ပအလုပ်အကိုင်အကျိုးဆောင်ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် လုပ်ငန်း တို့ကို လုပ်ကိုင်ခွင့် လုံးဝ (လုံးဝ) ခွင့်မပြုပါ။

၁၂။     ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာဥပဒေများ၏ ရည်ရွယ်ချက်ကို သိရှိပြီး အခါအားလျော်စွာ ထုတ်ပြန် သော စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် ညွှန်ကြားချက်များကို လိုက်နာမည်ဖြစ်ကြောင်းနှင့် စည်းကမ်းဖောက်ဖျက်ပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ တည်ဆဲဥပဒေများအရ အရေးယူခံရမည်ကို သိရှိပါကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။

 

Local Employment Agency Lists

1.(28-5-2010 to 4-12-2018) Local employment agency list
2.(28-5-2010 to 9-8-2018) Local employment agency list
3.(28-5-2010 to 15-5-2019) Local employment agency list
4.(28-5-2010 to 23-2-2017) Local employment agency list
5.(28-5-2010 to 23-4-2018) Local employment agency list
6.(28-5-2010 to 29-5-2017) Local employment agency list

 

Oversea Employment Agency Lists

1.Oversea Employment Agency (5-1-18) updated
2.Oversea Employment Agency (14-8-18) updated
3.Oversea Employment Agency (15-10-18) updated
4.Oversea Employment Agency (17-11-17) updated
5.Oversea Employment Agency (19-1-18) updated
6.Oversea Employment Agency (20-10-17) updated
7.Oversea Employment Agency (22-1-19) updated
8.Oversea Employment Agency (22-6-18) updated
9.Oversea Employment Agency (26-4-18) updated
10.Oversea Employment Agency (30-5-18) updated
11.Oversea Employment Agency (31-12-16) updated

 

Registered Licensed Oversea Agencies (Thai)

1.Oversea Employment Agency (Thai) (5-1-2018) updated
2.Oversea Employment Agency (Thai) (5-1-2018) updated
3.Oversea Employment Agency (Thai) (15-10-2018) updated
4.Oversea Employment Agency (Thai) (17-1-2018) updated
5.Oversea Employment Agency (Thai) (22-6-2018) updated
6.Oversea Employment Agency (Thai) (22-6-2018) updated
7.Oversea Employment Agency (Thai) (30-5-2018) updated
8.Oversea Employment Agency (Thai) (Nov-2017) updated