Glossary of Terms (အဓိပ္ပါယ်ဖွင့်ဆိုချက်) used in Skills Assessment and Occupational Standard

The purpose of the glossary is primarily to provide a comprehensive list of the most up-to-date terms used in Myanmar for Skills Assessment and Occupational Standard Development. This glossary will be updated on a regular basis to ensure that further developments are included as they are introduced, and the international use of terms has also been considered.

လုပ်ငန်းစဉ်များ ကျွမ်းကျင်မှုစံ၏ အခြေခံကျသော အပိုင်းဖြစ်သည်။ သတ်မှတ်ထားသော လုပ်ငန်းဧရိယာအတွက် ဆောင်ရွက်နိုင်ရမည့် လုပ်ငန်းစဉ်များ (တာဝန်ငယ်များ) ကို ဖော်ပြထား သည်။

ကျွမ်းကျင်မှုယူနစ်

 

လုပ်ငန်းခွင်တွင် အသုံးပြုရမည့် ကျွမ်းကျင်မှု သို့မဟုတ် လုပ်ရည်ကိုင်ရည်ကို ရည်ညွှန်းသည်။ ကျွမ်းကျင်မှုခေါင်းစဉ်နှင့် လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များကို ဖော်ပြထားသည်။

ကျွမ်းကျင်မှုယူနစ်အညွှန်း

အညွှန်းတွင် အပိုင်း (၅) ပိုင်း ပါဝင်သည်။ (၁) လုပ်ငန်းကဏ္ဍ အမည်အတိုကောက်စာလုံး (၂) အလုပ်အကိုင် ခေါင်းစဉ် အတိုကောက် စာလုံး (၃) အလုပ်အကိုင် ကျွမ်းကျင်မှုအဆင့် (၄) ကျွမ်းကျင်မှုယူနစ်အမှတ်စဉ် (၅) ရေးသားပြုစုသည့်အကြိမ်
အလုပ်ဖော်ပြချက် အလုပ်အကိုင်၏ ရည်ရွယ်ချက်နှင့် ပါဝင်မည့် လုပ်ငန်း အကြောင်းအရာများအား အကျဉ်းဖော်ပြချက်
အထောက်အထားလမ်းညွှန်ချက် လိုအပ်သော ကျွမ်းကျင်မှုနှင့် လုပ်ငန်းအသိပညာ အပါအဝင် ကျွမ်းကျင်မှု ရှိ မရှိ မည်သို့မည်ပုံ ဆန်းစစ်ရမည်ဆိုသော အခြေခံအချက်များ ပါဝင်သည်။

လုပ်ငန်း

လုပ်ငန်းကဏ္ဍကို ရည်ညွှန်းသည်။

အလုပ်အကိုင်ခေါင်းစဉ်

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြုစုထုတ်ဝေထားသော မြန်မာနိုင်ငံ အလုပ်အကိုင်ဆိုင်ရာ အညွှန်းစာအုပ်၏ အလုပ်အကိုင်စာရင်းမှ ထုတ်နုတ်ကိုးကားသုံးစွဲသည်။

အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ”

 

လုပ်ငန်းခွင် လိုအပ်ချက်များနှင့်အညီ ကိုက်ညီထိရောက်စွာ လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးအတွက် ကျွမ်းကျင်မှု အဆင့်အလိုက် သတ်မှတ်ထားသော လုပ်ရည်ကိုင်ရည် သတ်မှတ်ချက်များ

လုပ်ဆောင်နိုင်ရမည့် လုပ်ဆောင်မှု သတ်မှတ်ချက်များ

 

ကျွမ်းကျင်မှုယူနစ်နှင့် လုပ်ငန်းစဉ်အလိုက် လိုအပ်သော လုပ်ဆောင်ချက်အဆင့်များကို ဖော်ပြထားခြင်းဖြစ်သည်။ လုပ်ငန်းစဉ်တခုတိုင်းတွင် အလုပ်သမား တယောက် ဆောင်ရွက် နိုင်ရမည့် လုပ်ဆောင်မှု “စံ” သတ်မှတ်ချက်များပါရှိသည်။ အဓိကအားဖြင့် ဘာကို လုပ်ဆောင်ရမည်၊ ဘယ်လိုရလဒ်မျိုး ထွက်ရမည်ကို ညွှန်းဆိုလေ့ရှိသည်။

ပါဝင်မည့်အတိုင်းအတာ

 

လုပ်ငန်းလုပ်ဆောင်ရာတွင် ပါဝင်သည့် အတိုင်းအတာ ဖော်ပြချက် (လုပ်ငန်းအမျိုးအစား၊ ရင်းမြစ်များ၊ အဆင့်များ စသည်ဖြင့်)

လိုအပ်သော အသိပညာ

 

လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သော အခြေခံအချက်အလက်များအပေါ် နားလည်မှုနှင့် ရှိရမည့် အသိပညာ

လိုအပ်သော ကျွမ်းကျင်မှု

 

လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံအားဖြင့် မရှိမဖြစ် လိုအပ်သော ကျွမ်းကျင်မှုနှင့် စွမ်းရည်

ယူနစ်ဖော်ပြချက်

 

ကျွမ်းကျင်မှုယူနစ်တွင် ပါဝင်သော အကြောင်းအရာများနှင့် ရည်ရွယ်ချက်ကို အကျဉ်းဖော်ပြထားခြင်းဖြစ်သည်။

အကျုံးဝင်မှုနယ်ပယ်

 

လုပ်ဆောင်မှု သတ်မှတ်ချက်များတွင် အဓိပ္ပာယ်နှင့် အကျုံးဝင်မှုနယ်ပယ် ဖော်ပြရန် လိုအပ်သော စကားလုံးများ သို့မဟုတ် လုပ်ငန်းစဉ်များ သို့မဟုတ် အကြောင်းအရာများ (စကားလုံး အစောင်းများဖြင့် ဖော်ပြထားသည်)

လုပ်ငန်းဆိုင်ရာ လုပ်ရည်ကိုင်ရည် သို့မဟုတ် ကျွမ်းကျင်မှု

သက်ဆိုင်ရာ အလုပ်အကိုင်နှင့် သီးသန့်သက်ဆိုင်သော လုပ်ရည်ကိုင်ရည်

လုပ်ငန်းနယ်ပယ်ဆိုင်ရာ လုပ်ရည်ကိုင်ရည် သို့မဟုတ် ကျွမ်းကျင်မှု

မျိုးတူ အလုပ်အကိုင်နယ်ပယ် သို့မဟုတ် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တခုရှိ အလုပ်အကိုင်အများစုနှင့် သက်ဆိုင်သော လုပ်ရည်ကိုင်ရည်

လုပ်ငန်းအများစုနှင့် သက်ဆိုင် သော လုပ်ရည်ကိုင်ရည် သို့မဟုတ် ကျွမ်းကျင်မှု

လုပ်ငန်းနယ်ပယ်အများစု သို့မဟုတ် အလုပ်အကိုင်များ အားလုံးနှင့်သက်ဆိုင်သော လုပ်ရည်ကိုင်ရည်

ကျွမ်းကျင်မှုအဆင့်

အဆင့်အလိုက်ရှိရမည့် ကျွမ်းကျင်မှု၊ အသိပညာနှင့် ခံယူချက် သဘောထားများကို ရည်ညွှန်းသည်။ အဆင့်အသီးသီး၏ အဓိပ္ပါယ် ဖော်ပြချက်များကို အမျိုးသားအဆင့် ကျွမ်းကျင်မှု အရည်အချင်း သတ်မှတ်ချက် မူဘောင်တွင် ဖော်ပြထားသည်။