NSSA အသိအမှတ်ပြု ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သူများ

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့သည် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေး အစီအစဉ်များကို သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အသီးသီးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ဤအစီအစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီသည် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်သူများအား တရားဝင်အသိအမှတ်ပြုလျက် ရှိပါသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်၍ NSSA အသိအမှတ်ပြုပြီးဖြစ်သော အလုပ်အကိုင် (၃၇) မျိုးအတွက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်သူပေါင်း ကျွမ်းကျင်မှုအဆင့်(၁)တွင် ၅၃၉ ယောက်၊ ကျွမ်းကျင်မှုအဆင့်(၂)တွင် ၁၆၂ ယောက် ရှိပါသည်။ ၎င်းကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သူများအားလုံးကို NSSA ၏ အတည်ပြုချက်ဖြင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီမှ အသိအမှတ်ပြု (accreditation) ပေးခဲ့ခြင်း ဖြစ်သည်။ (အသိအမှတ်ပြုလက်မှတ်ရရှိပြီးသော ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်သူများ၏အချက်အလက် အသေးစိတ်ကို ရှာဖွေလိုပါက)

 

အကဲဖြတ်စစ်ဆေးမှု လုပ်ငန်းစဉ်တွင် အကဲဖြတ်စစ်ဆေးရေးမှူးများ လုပ်ဆောင်ရမည့်အချက်များ

စစ်ဆေးအကဲဖြတ်မှုတစ်ခုအတွက် (Assessor) အဖွဲ့ပြုလုပ်ရမည့်လုပ်ငန်းများကို အောက်ပါအတိုင်း (၃) ပိုင်းခွဲနိုင်သည်။
(က) စစ်ဆေးအကဲဖြတ်မှု မပြုလုပ်မီ ဆောင်ရွက်ရမည့် အချက်များ
(ခ) စစ်ဆေးအကဲဖြတ်မှု ပြုလုပ်နေစဉ် ဆောင်ရွက်ရမည့် အချက်များ
(ဂ) စစ်ဆေးအကဲဖြတ်မှု ပြုလုပ်ပြီးချိန်တွင် ဆောင်ရွက်ရမည့် အချက်များ

 

(က) စစ်ဆေးအကဲဖြတ်မှု မပြုလုပ်မီ ဆောင်ရွက်ရမည့် အချက်များ

စစ်ဆေးအကဲဖြတ်မှုတစ်ခု မပြုလုပ်မီ အသိပညာစစ်ဆေးမှုနှင့် လက်တွေ့စစ်ဆေးမှု နှစ်မျိုးစလုံးအတွက် အောက်ပါ အချက်များကို စဉ်းစားရန် လိုအပ်သည် -
•    စစ်ဆေးမည့်နေရာဌာနကို အဆင်သင့်ဖြစ်ရန် ပြင်ဆင်ပါ။
ရုပ်ဝတ္ထု လိုအပ်ချက်များ (ဥပမာ - အခန်း အကျယ်အဝန်း၊ ပရိဘောဂ အသုံးအဆောင်များ၊ အလင်းရောင်၊ ဆူညံသံ၊ အလုပ်ရုံ၊ စမ်းသပ်ခန်း၊ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများ)
•    စစ်ဆေးအကဲဖြတ်မည့် စာရွက်စာတမ်းများအား စီစစ်ပါ။
•    ဖြေဆိုသူများ၏ အချက်အလက်များအား စစ်ဆေးအတည်ပြုပါ။
•    ဖြေဆိုသူများကို အကဲဖြတ်စစ်ဆေးမှု လိုအပ်ချက်များ၊ စစ်ဆေးပြုလုပ်မည့် ပတ်ဝန်းကျင်နှင့် အသုံးပြုမည့် ပစ္စည်းကိရိယာများနှင့် ထိတွေ့ ရင်းနှီးမှုရှိစေရန် ပြုလုပ်ပေးပါ။
•    ဖြေဆိုသူများကို သိရှိရမည့် အချက်အလက်များ ဝေငှပါ။
•    ဖြေဆိုသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းပြောကြားပါ

 

(ခ) စစ်ဆေးအကဲဖြတ်မှု ပြုလုပ်နေစဉ် ဆောင်ရွက်ရမည့် အချက်များ

စစ်ဆေးရေးမှူးများသည် အောက်ဖော်ပြပါ လုပ်ငန်းများကို စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း ဆောင်ရွက်ရပါမည်။
•    ဖြေဆိုသူ၏ လက်တွေ့လုပ်ဆောင်နေမှုများကို စောင့်ကြည့်ပါ။
•    Checklist (သို့) အမှတ်ပေးဇယားစာရွက် အသုံးပြု၍ မှတ်သားပါ။
•    လိုအပ်ပါက နှုတ်ဖြင့် ဖြစ်စေ၊ ရေးဖြေမေးခွန်းဖြစ်စေ အချိန်ကိုက်မေးမြန်းပါ။
•    ဖြေဆိုမှု ပြီးဆုံးပါက စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ စာရွက်စာတမ်းများ အားလုံးကို စုဆောင်းသိမ်းဆည်းပါ။

 

(ဂ) စစ်ဆေးအကဲဖြတ်မှု ပြုလုပ်ပြီးချိန်တွင် ဆောင်ရွက်ရမည့် အချက်များ

စစ်ဆေးရေးမှူးများသည် အောက်ဖော်ပြပါ လုပ်ငန်းများကို စစ်ဆေးမှုပြုလုပ်ပြီးချိန်အတွင်း ဆောင်ရွက်ရပါမည်။
•    ဖြေဆိုသူ၏ လက်တွေ့လုပ်ဆောင်ထားသော ပစ္စည်း (သို့) Product ကို အကဲဖြတ်အမှတ်ပေးပါ။
•    နှုတ်မေးနှုတ်ဖြေနှင့် ရေးဖြေအဖြေလွှာများကို အကဲဖြတ်အမှတ်ပေးပါ။
•    ရလဒ်များ အားလုံးကို သက်ဆိုင်ရာ စာရွက်စာတမ်းများတွင် ဖြည့်သွင်းမှတ်သားပါ။
•    ကျွမ်းကျင်မှုရှိရန် လိုအပ်နေသေးသော ဖြေဆိုသူအတွက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့်အပိုင်းအား အပြုသဘောဆောင်သော Feedback ပေးပါ။
•    အကဲဖြတ်စစ်ဆေးမှုဆိုင်ရာ Report ရေးသားပါ။
•    စစ်ဆေးအကဲဖြတ်မှုဆိုင်ရာ စာရွက်စာတမ်းများ အားလုံးကို NSSA/ Accreditation and Certification Committee (ACC) သို့ ပေးပို့အပ်နှံပါ။

 

ဝင်ရောက်ဖြေဆိုသူများ၏ သိရှိပိုင်ခွင့် 

ဝင်ရောက်ဖြေဆိုသူသည် ၎င်းရရှိသော ရလဒ်အား သံသယမကင်းခြင်း၊ မကျေနပ်ခြင်းများရှိပါက မေးမြန်းပိုင်ခွင့် ရှိပါသည်။ ဤအပိုင်းနှင့် ပတ်သက်လျှင် စစ်ဆေးသော အကဲဖြတ်စစ်ဆေးရေးအဖွဲ့သည် လိုအပ်ပါက သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ အကဲဖြတ်ဆန်းစစ်ခြင်း၊ အမှတ်ပေးထားမှုနှင့် ရလဒ်အား ပြန်လည်ဆန်းစစ်ခြင်း၊ သုံးသပ်ခြင်းကို ဆောင်ရွက်ပေးရမည်။ ဝင်ရောက်ဖြေဆိုသူအား ရှင်းလင်းစွာသိရှိရန် တိကျသော အထောက်အထား (Feedback) ကို ပြန်လည်ပေးအပ်ရမည်။ ထိုသို့ မလိုလားဖွယ်ကိစ္စရပ်များ မဖြစ်ပွားရန်အတွက် အကဲဖြတ်စစ်ဆေးရေးအဖွဲ့သည် အကဲဖြတ်စစ်ဆေးရာတွင် အောက်ပါတို့ကို သတိထားဆောင်ရွက်ရမည် ဖြစ်ပါသည် -
(က) မှားယွင်းအမှတ်ပေးမိခြင်း၊ အမှတ်ပေါင်းမှားခြင်း
(ခ) မေးခွန်းဖော်ပြချက်၊ အမှတ်ပေးစည်းမျဉ်း ဖော်ပြချက်များနှင့် ဆန့်ကျင်အကဲဖြတ်မိခြင်း
(ဂ) လက်သုံးကိရိယာ၊ စက်ပစ္စည်း၊ သုံးကုန်ပစ္စည်း၊ ပတ်ဝန်းကျင်၏ အနေအထားများတွင် မညီမျှမှုများ ပါရှိခြင်း

 

အကဲဖြတ်စစ်ဆေးရေးမှူး၏ ကျင့်ဝတ်များ

(၁) စစ်ဆေးမှုဖြေဆိုသူများနှင့် ဒေသအလိုက်လုပ်ငန်းများ၏ အမျိုးမျိုးသော ကွဲပြားခြားနားသည့် လိုအပ်ချက်များကို အထူးဂရုပြု၍ စစ်ဆေးမှုများကို ကိုင်တွယ်ဆောင်ရွက်ရမည်။
(၂) ဖြေဆိုမှုပြုလုပ်နေစဉ် စစ်ဆေးမှုဖြစ်စေ၊ ပြုလုပ်ပြီးရရှိလာသည့် ပစ္စည်းအား စစ်ဆေးမှု ပြုလုပ်ရာတွင် ဖြစ်စေ ဖြစ်ပေါ်လာနိုင်ခြေရှိသော အကျိုးစီးပွားပဋိပက္ခများကို သတ်မှတ် ဖော်ထုတ်၍ လိုအပ်ပါက သင့်လျော်သော ကိုးကားမှုများ ပြုလုပ်ရမည်။
(၃) စစ်ဆေးမှုများအစီအစဉ်ရေးဆွဲခြင်း၊ ဆောင်ရွက်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် စစ်ဆေး ရလဒ်များအားတင်ပြခြင်းများ ပြုလုပ်ရာတွင် အနှောင့်အယှက်ပေးနိုင်သော အရာများအားလုံးကို ရှောင်ရှားရမည်။
(၄) စစ်ဆေးမှုတွင် ဖြေဆိုသူ၏ အခွင့်အရေးများကို အကာအကွယ်ပေးရမည်။
(၅) စစ်ဆေးမှုနှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်ရေးအရ လွှမ်းမိုးမှုများကြောင့် စစ်ဆေးမှု၏ ရလဒ်အပေါ် အကျိုးမသက်ရောက်စေရပါ။
(၆) ဖြေဆိုသူအား ၎င်း၏ အခွင့်အရေးများနှင့် အယူခံဝင်ပိုင်ခွင့်ရှိမှုကို သိစေရမည်။
(၇) စစ်ဆေးမှုပြုလုပ်စဉ်အတွင်း ကောက်ယူထားသော အထောက်အထားများသည် စစ်ဆေးမှုတစ်ခု၏ ဘောင်ဝင်မှု၊ ယုံကြည်စိတ်ချရမှု၊ စစ်မှန်မှု၊ ပြည့်စုံလုံလောက်မှုနှင့် လက်သင့်ခံနိုင်မှုအတွက် ခိုင်လုံမှု ရှိရမည်။
(၈) စစ်ဆေးသူတစ်ဦး၏ စစ်ဆေးအကဲဖြတ်သော ဆုံးဖြတ်ချက်များသည် ရရှိနိုင်သော အထောက်အထားများပေါ်တွင် အခြေခံရမည် ဖြစ်ပြီး အခြားစစ်ဆေးသူတစ်ဦးမှလည်း ထပ်မံစစ်ဆေးအတည်ပြုရမည်။
(၉) စစ်ဆေးအကဲဖြတ်မှုများကို စစ်ဆေးအကဲဖြတ်မှုစနစ်၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်။
(၁၀) စစ်ဆေးအကဲဖြတ်မှု လုပ်ထုံးလုပ်နည်းများအပေါ် စစ်ဆေးသူနှင့် ဖြေဆိုသူနှစ်ဦးစလုံးက တရားဝင် သဘောတူညီမှု ရှိရမည်။
(၁၁) စစ်ဆေးမှုတွင် အသုံးပြုသောနည်းလမ်းများ၊ စနစ်များနှင့် လုပ်ထုံးလုပ်နည်းများသည် တန်းတူ အခွင့်အရေးရရှိမှု စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိရမည်။
(၁၂) စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို စစ်ဆေးမှုမပြုလုပ်မီ ကြိုတင်၍ ဖြေဆိုသူအား အသိပေးရမည်။
(၁၃) စစ်ဆေးမှုဆိုင်ရာ ဆုံးဖြတ်ချက်များ၏ အလားအလာရှိသော အကျိုးဆက်များကို စစ်ဆေးမှု မပြုလုပ်မီ ဖြေဆိုသူအား အသိပေးရမည်။
(၁၄) စစ်ဆေးမှုရလဒ်များကို လျှို့ဝှက်ထိန်းသိမ်းထားရမည်။

အလုပ်အကိုင်အလိုက် အသိအမှတ်ပြု ရရှိရန်လိုအပ်ချက်များ (လျှောက်ထားလိုပါကသိရှိရန်အချက်များလျှောက်လွှာပုံစံ)

အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများအတွက် အသိအမှတ်ပြု ရရှိရန်လိုအပ်ချက်များ
Air Con အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
Bell Person အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
ငွေကိုင်ဝန်ထမ်း အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
သန့်ရှင်းရေး အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
အိပ်ခန်းဆောင်ထိန်းသိမ်းရေး အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
အရောင်းသမား အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
အစားအသောက်ဧည့်ခံကျွေးမွေးဆိုင်ရာဝန်ထမ်း အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
မော်တော်ယာဉ်စက်ပြင် အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
အုတ်စီလုပ်သား အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
ဆောက်လုပ်ရေးလက်သမား အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
Electrician (Building) အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
မြေတူးစက်မောင်း အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်မျာ
Fork Lift အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
အထည်ချုပ် အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
GMAW အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
စက်ကိရိယာ ကိုင်တွယ်မောင်းနှင်သူ အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
MMAW အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
လယ်ယာစက်သုံးကိရိယာ စက်ပြင် အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
Pneumatic အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
Rubber Latex Harvesting Worker အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
အင်ဂျင်ငယ် ပြုပြင်ထိန်းသိမ်းရေး အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
ကြွေပြားလုပ်သား အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
ဝန်ပင့်ယာဉ်မောင်း အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ
ရော်ဘာအစေးခြစ်ခြင်း အလုပ်အကိုင် ကျွမ်းကျင်မှု အကဲဖြတ်စစ်ဆေးရေးမှူးများ အတွက် အရည်အချင်း သတ်မှတ်ချက်များ