မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဒုတိယဝန်ကြီးဦးဆောင်၍ ကျင်းပပြီးစီးခဲ့ခြင်း

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ၂၂-၁၂-၂၀၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊   ညောင်ဦးမြို့နယ်၊ Royal Palace Hotel ခန်းမ၌ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ခံများ၊ NSSA အသိအမှတ်ပြု Assessment Center များ၊ သင်တန်းသားအပါအဝင် အင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။